ROAD TRANSPORT ADMINISTRATION DEPARTMENT
OBJECTIVE
Road Safety
SIX MAIN TASKS
1. To inspect and register the vehicles for roadworthiness in accordance with laws, rules and regulations;
2. To test the drivers and issue driving licenses in accordance with laws, rules and regulations;
3. To publish traffic regulations for road users in collaboration with the relevant departments and organizations;
4. To manage, check and supervise for road safety;
5. To deploy ITS(Intelligent Transport Systems) effectively for reducing traffic congestion and performing road safety;
6. To collect fees for the State in accordance with laws, rules and regulations.
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ရည်မှန်းချက်
ဤဦးစီးဌာန၏ အဓိကရည်မှန်းချက်တာဝန်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေး(Road Safety)ဖြစ်သည်။
လုပ်ငန်းတာဝန်များ
(က) အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်များကိုစစ်ဆေး၍ ဥပဒေ နှင့်အညီ မှတ်ပုံတင်ပေးရန်၊
(ခ) မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့် အညီထုတ်ပေးရန်၊
(ဂ) လမ်းအသုံးပြုသူများလိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်း၍ ထုတ်ပြန်ရန်၊
(ဃ) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် စီမံခန့်ခွဲခြင်း၊ စစ်ဆေး ခြင်းနှင့် ကြီးကြပ်ခြင်းများဆောင်ရွက်ရန်၊
(င) ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းကျဆင်းလာစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်း ရေးဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာသုံး ပို့ဆောင်ရေးစနစ်ကိုထိရောက် စွာ အသုံးပြုရန်၊
(စ) နိုင်ငံတော်မှရသင့်ရထိုက်သည့် ယာဉ်နှင့်ပတ်သက်သော အခငွေများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီကောက်ခံရန်။
စွမ်းဆောင်နိုင်မှုများ
ဌာန၏ စွမ်းဆောင်နိုင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တည်ဆဲယာဉ်အန္တရယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ) မော်တော်ယာဉ်အသစ်များကို ကနဦးမှတ်ပုံတင်ခြင်း၊
(ဂ) မှတ်ပုံတင်ပြီးမော်တော်ယာဉ်များကို သက်တမ်းအလိုက်သက်တမ်းတိုးမှတ်ပုံတင်ခြင်း၊
(ဃ) မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန်အတွက် ကြံ့ခိုင်မှုစစ်ဆေးခြင်း၊
(င) အရည်အချင်းပြည့်မီသော မော်တော်ယာဉ်မောင်းများ ထွက်ပေါ်လာရေးအတွက် ယာဉ်မောင်း လိုင်စင်များစစ်ဆေးထုတ်ပေးခြင်း၊
(စ) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စီမံကြီးကြပ်ဆောင်ရွက်ခြင်း၊
(ဆ) ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပညာပေးစစ်ဆေးကြပ်မတ်ခြင်း၊
(ဇ) မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များလျော့နည်းပပျောက်စေရေး ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဈ) မော်တော်ယာဉ်မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ဆိုင်ရာ အခငွေများအားကောက်ခံခြင်း။