ယာဉ်မောင်းလိုင်စင် အမျိုးအစားအလိုက် သက်တမ်းတိုးရန် အောက်ပါအချက်များ လိုအပ်ပါသည် -
(က) ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်
(၁) လျှောက်လွှာပုံစံ။
(၂) လိုင်စင်ဓါတ်ပုံ (၂)ပုံ။(နောက်ခံအပြာရောင်)
(၃) ကိုယ်ပိုင်လိုင်စင်ကတ်မူရင်း။
(၄) မှတ်ပုံတင်မိတ္တူ (၁)စောင်။
( ခ) အငှားယာဉ်မောင်းလိုင်စင်
(၁) လျှောက်လွှာပုံစံ။
(၂) လိုင်စင်ဓါတ်ပုံ (၂)ပုံ။
(၃) အငှားလိုင်စင်ကတ်မူရင်း။
(၄) မှတ်ပုံတင်မိတ္တူ (၁)စောင်။
( ဂ) နိုင်ငံခြားသားမှ မြန်မာလိုင်စင် (ခ)လိုင်စင် သက်တမ်းတိုးရာတွင် လိုအပ်ချက် များ -
(၁) လျှောက်လွှာပုံစံ (၁)စောင်။
Application From
(၂) သက်တမ်းရှိ Passport (မိတ္တူ (၁) စောင်)။
Valid Passport(copy)
(၃) မြန်မာနိုင်ငံမှ ထုတ်ပေးသော ယာဉ်မောင်းလိုင်စင်ကတ်မူရင်း။
Issued Driving License(original)
(၄) မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပါမစ်(Stay Permit)
ယာဉ်မောင်းလိုင်စင်အမျိုးအစားနှင့် လိုင်စင်သက်တမ်းသတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-
စဉ် လိုင်စင်အမျိုးအစား သက်တမ်း
(က) အမောင်းသင်လိုင်စင် (၁)နှစ်
( ခ) “က”လိုင်စင် (၅)နှစ်
( ဂ) “ခ”လိုင်စင် (၅)နှစ်
(ဃ) “ဂ”လိုင်စင် (၅)နှစ်
( င) “ဃ”လိုင်စင် (၃)နှစ်
( စ) “င”လိုင်စင် (၃)နှစ်
(ဆ) “ဌ”လိုင်စင် (၅)နှစ်
(ဇ) “ဟ”လိုင်စင် (၅)နှစ်
(ဈ) “စ”ယာဉ်အကူလိုင်စင်/လက်မှတ်ရောင်း (၅)နှစ်
(ည) အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ် (၁)နှစ်
(ဋ) ယာယီယာဉ်မောင်းနှင်ခွင့်လက်မှတ် (၁) နှစ်