(က) အရည်အချင်းပြည့်ဝသော ယာဉ်မောင်းများမွေးထုတ်ပေးခြင်းနှင့် ယာဉ်မောင်း လိုင်စင်များ စနစ်တကျ ထုတ်ပေးခြင်း။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အဓိကရည်မှန်းချက်တာဝန်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) ဖြစ်ပါသည်။ အဆိုပါ ရည်မှန်းချက်လုပ်ငန်း အောင်မြင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဤဦးစီးဌာန၏ လုပ်ငန်း တာဝန်များ(၆) ရပ်အနက် လုပ်ငန်းတာဝန် တစ်ခုဖြစ်သည့် “မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်ညီထုတ်ပေးခြင်း” ကို ဆောင်ရွက်လျှက်ရှိပါသည်။ ထို့သို့ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးရာတွင် အရည်အချင်းပြည့်ဝသော ယာဉ်မောင်းများမွေးထုတ် နိုင်ရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရေးဖြေစစ်ဆေးခြင်း၊ လက်တွေ့မောင်းနှင်စစ်ဆေး ခြင်းများအား စစ်ဆေးဆောင်ရွက်လျှက်ရှိပါသည်။
( ခ) ယာဉ်မောင်းသင်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးခြင်း။
အရည်အချင်းပြည့်ဝသောယာဉ်မောင်းများမွေးထုတ် ပေးနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ယာဉ်မောင်းသင်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးခြင်းနှင့်ပုဂ္ဂလိက ယာဉ်မောင်းသင်တန်းကျောင်းများကို လည်းဖွင့်လှစ်မှတ်ပုံတင်ပေးခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။
စဉ် |
ယာဉ်မောင်းသင်တန်းကျောင်း |
အရေအတွက်
|
(၁) |
နေပြည်တော် |
၄ |
(၂) |
မြစ်ကြီးနား |
၄ |
(၂) |
လွိုင်ကော် |
၁ |
(၄) |
ဘားအံ |
၁ |
(၅) |
ရွှေဘို |
၁ |
(၆) |
ကလေး |
၂ |
(၇) |
ထားဝယ် |
၁ |
(၈) |
ပဲခူး |
၃ |
(၉) |
ပြည် |
၁ |
(၁၀) |
တောင်ငူ |
၂ |
(၁၁) | မကွေး | ၁ |
(၁၂) | ပခုက္ကူ | ၁ |
(၁၃) | မန္တလေး | ၅ |
(၁၄) | မိတ္ထီလာ | ၃ |
(၁၅) | မော်လမြိုင် | ၂ |
(၁၆) | သထုံ | ၁ |
(၁၇) | စစ်တွေ | ၁ |
(၁၈) | ရန်ကုန် | ၃၅ |
(၁၉) | တောင်ြကီး | ၂ |
(၂၀) | လားရှိး | ၄ |
(၂၁) | မူဆယ် | ၁ |
(၂၂) | ပုသိမ် | ၅ |
(၂၃) | ဖျာပုံ | ၁ |
(၂၄) | မအူပင် | ၁ |
(၂၅) | မူဆယ် | ၁ |
|
စုစုပေါင်း |
၇၉ |
( ဂ ) ယာဉ်မောင်းသင်တန်းကျောင်းများ၏ အကျိုးသက်ရောက်မှု။
ယာဉ်မောင်းသင်တန်းကျောင်းများမှ ယာဉ်မောင်းများအား စနစ်တကျ လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိပြီး အရည်အချင်းပြည့်ဝသော ယာဉ်မောင်းဖြစ်ရန် အထောက်အကူပြုပါသည် -
(၁) မော်တော်ယာဉ်အား အခြေခံကျကျ မောင်းနှင်ရန်အတွက် လေ့ကျင့် သင်ကြားမှုခံယူနိုင်ခြင်း။
(၂) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နားလည်သိရှိစေခြင်း။
(၃) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နားလည်သိရှိစေပြီး လိုက်နာ စေရန်အတွက် လေ့ကျင့်ပညာပေးမှုရရှိခြင်း။
(၄) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် အမြဲသတိ ရှိစေရန် အသိပညာရရှိခြင်း။
(၅ ) ယာဉ်ကိုမောင်းနှင်ရန် အခြေခံကျကျ သင်ယူခြင်းဖြင့် မော်တော်ယာဉ် ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ပြီး မလိုလားအပ်သည့် ယာဉ် တိုက်ခိုက်မှုအန္တရာယ်ကို ကာကွယ်နိုင်ခြင်း။
(၆ ) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားလည်သိရှိလိုက်နာပြီး မော်တော်ယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်သည့် ယာဉ်မောင်း ကောင်းများ မွေး ထုတ်ပေးနိုင်ခြင်း။
၂၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများအလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း အကြိမ်အရေအတွက်နှင့် တက်ရောက်သည့် လူဦးရေ
(ဂ) ယာဉ်မောင်းသင်တန်းကျောင်းများ၏ အကျိုးသက်ရောက်မှု
ယာဉ်မောင်းသင်တန်းကျောင်းများမှ ယာဉ်မောင်းများအား စနစ်တကျ လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိပြီး အရည်အချင်းပြည့်ဝသော ယာဉ်မောင်းဖြစ်ရန် အထောက်အကူပြုပါသည် -
(၁) မော်တော်ယာဉ်အား အခြေခံကျကျ မောင်းနှင်ရန်အတွက် လေ့ကျင့်သင်ကြားမှု ခံယူ နိုင်ခြင်း။
(၂) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နားလည်သိရှိစေခြင်း။
(၃) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နားလည်သိရှိစေပြီး လိုက်နာစေရန်အတွက် လေ့ကျင့်ပညာပေးမှု ရရှိခြင်း။
(၄) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် အမြဲသတိရှိစေရန် အသိ ပညာရရှိခြင်း။
(၅) ယာဉ်ကိုမောင်းနှင်ရန် အခြေခံကျကျ သင်ယူခြင်းဖြင့် မော်တော်ယာဉ်ကို ကျွမ်းကျွမ်း ကျင်ကျင် မောင်းနှင်နိုင်ပြီး မလိုလားအပ်သည့် ယာဉ်တိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ် နိုင်ခြင်း။
(၆) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားလည်သိရှိလိုက်နာပြီး မော်တော်ယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်သည့် ယာဉ်မောင်းကောင်းများ မွေးထုတ်ပေးနိုင်ခြင်း။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများအလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း အကြိမ်အရေအတွက်နှင့် တက်ရောက်သည့် လူဦးရေ
စဉ် ရုံးအမည် အကြိမ်ရေ ဦးရေ
၁ နေပြည်တော် ၉၃ ၇၃၉၄
၂ မြစ်ကြီးနား ၂၁၉ ၈၈၇၇
၃ လွိုင်ကော် ၂၁ ၅၄၆
၄ ဘားအံ ၅၈ ၂၈၃၂
၅ ဟားခါး ၃၂ ၈၅၇
၆ မုံရွာ ၂၂၉ ၁၀၉၆၉
၇ ထားဝယ် ၁၇၁ ၉၆၅၉
၈ ပဲခူး ၃၅၇ ၁၄၇၀၈
၉ မကွေး ၃၃၆ ၁၁၈၁၄
၁၀ မန္တလေးတိုင်း ၇၀၀ ၃၂၅၄၀
၁၁ မော်လမြိုင် ၂၇၈ ၉၃၆၆
၁၂ စစ်တွေ ၆ ၁၅၁၅
၁၃ ရန်ကုန်တိုင်း ၁၅ ၁၃၄၉
၁၄ တောင်ကြီး ၂၉၂ ၁၉၁၄၆
၁၅ ပုသိမ် ၈၄ ၄၃၇၈
စုစုပေါင်း ၂၈၉၁ ၁၃၅၉၅၀