အများပြည်သူသို့ အသိပေးကြေညာခြင်း
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် များကို Pilot Project ကာလအတွင်း ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခများ ကောက်ခံခြင်းမပြုဘဲ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
အဆိုပါ Pilot Project ကာလသည် ၃၁-၃-၂၀၂၆ ရက်နေ့တွင်ကုန်ဆုံးခဲ့ပြီးဖြစ်ပါသဖြင့် ၁-၄-၂၀၂၆ ရက်နေ့မှစ၍ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့်တင်သွင်းလာ သည့် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များကို မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီ စွမ်းဆောင်ရည် (Battery Capacity)အလိုက် မူလတန်ဖိုး FOB ( Free On Board ) ဈေးနှုန်းအပေါ် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁)ရက်မှစတင်၍ အောက်ပါအတိုင်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
စဉ် မော်တော်ယာဉ်အမျိုးအစား ရာခိုင်နှုန်း
(က) လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ Pick Up ၃ %
(Single Cab, Extended Cab, Open Cab) Light Truck,
Truck, Dumper, Tanker, Box Truck, Refrigerated Van,
Crane Truck, Logging Truck, Container Carrier Truck,
Tractor Head
(ခ) ခရီးသည်တင်ယာဉ်(ယာဉ်မောင်းအပါအဝင် ၁၅ ဦးအထက်) ၃ %
(Bus, Mini Bus, Express Bus)(City Bus မပါ)
(ဂ) လူစီးယာဉ်(ယာဉ်မောင်းသူအပါအဝင် ၁၅ ဦးနှင့်အောက်)
(Saloon, Jeep, Station Wagon, Micro Bus, MPV, SUV)
(၁) Battery Capacity 30 Kwh နှင့်အောက် ၁၀ %
(၂) Battery Capacity 31 Kwh နှင့် 60 Kwh အထိ ၂၀ %
(၃) Battery Capacity 61 Kwh နှင့် 90 Kwh အထိ ၃၀ %
(၄) Battery Capacity 91 Kwh နှင့်အထက် ၄၀ %
(ဃ) လူနှင့်ကုန်(၂)မျိုးသုံးယာဉ်(Pick Up, Double Cab) ၃၀ %
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန