“၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်း ငွေခန်းပိတ်ချိန်နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးကြေညာခြင်း”
၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်လုပ်ငန်းငွေခန်းများအား အောက်ပါနေရာများတွင်ဖွင့်လှစ်၍ PO ဖြင့် လည်ကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်ကောင်း၊ ငွေသားဖြင့်လည်ကောင်း လက်ခံဆောင်ရွက်လျှက်ရှိပါသည်-
(က) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန(နေပြည်တော်)
(ခ) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန(ထောက်ကြန့်)
(ဂ) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန(ရွာသာကြီး)
(ဃ) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန(မန္တလေး)
၂။ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့်ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီမှုရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် လက်ခံဆောင်ရွက်ခြင်းအား ၂၅.၃.၂၀၂၅ ရက်အထိသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများ အဆင်ပြေမှုရှိစေရန် ၂၆.၃.၂၀၂၅ မှ ၃၁.၃.၂၀၂၅ ရက်နေ့နံနက် (၁၂:၀၀) နာရီအထိ ငွေသားဖြင့် လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၃။ ၁.၄.၂၀၂၅ ရက်နေ့မှစ၍ ကနဦးယာဉ်မှတ်ပုံတင်ခများ ပေးသွင်းခြင်းအား PO နှင့် ဘဏ်ငွေသွင်းချလန်တို့ဖြင့် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန