ဌာန၏အကြောင်း
မြန်မာနိုင်ငံအတွင်းသို့ မော်တော်ယာဉ်များ ရောက်ရှိလာသည်နှင့်အညီ မော်တော်ယာဉ်နှင့် ယာဉ်သွား လာမှုဆိုင်ရာများအား ကြီးကြပ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်ရန် လိုအပ်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၆၃ခုနှစ် စက်တင်ဘာလ(၁)ရက် နေ့တွင်"ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ ဆောင်ရေး အာဏာပိုင်အဖွဲ့"ကိုဖွဲ့စည်းခဲ့့သည်။
၁၉၇၂ခုနှစ်၊ မတ်လတွင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဌာနကို "ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန"ဟု ပြောင်းလဲခေေါ်၀ါ် သတ်မှတ်ခဲ့သည်။ ကုန်းလမ်းနှင့်ပြည်တွင်း ရေကြောင်းအာဏာပိုင်အဖွဲ့ သည်လည်း "ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန" အမည်သို့ ပြောင်းလဲလာခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်လာခဲ့ပါသည်။၁၉၉၂ခုနှစ်၊ ဇန်န၀ါရီလတွင် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ရေး ဝန်ကြီးဌာ၊ရထားပို့ဆောင် ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဟူ၍ဝန်ကြီးဌာန (၃)ခုခွဲ၍ ပြန်လည်ဖွဲ့စည်း ပေးခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအောက်တွင် ပါ၀င်လာခဲ့သည်။
ဌာန၏ဖွဲ့စည်းပုံ
ဤဦးစီးဌာန၏ ဖွဲ့စည်းပုံမှာ အရာထမ်း(၂၈၀)ဦး၊ အမှုထမ်း(၂၇၁၀)ဦး၊ စုစုပေါင်း (၂၉၉၀)ဦးဖြစ်ပြီး၊ လက်ရှိအရာထမ်း(၁၅၂)ဦး၊ အမှုထမ်း(၁၃၅၃)ဦး၊ စုစုပေါင်း (၁၅၀၅)ဦးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ရုံးများဖွဲ့စည်းပုံ
Enlarge
(၁) ရုံးချုပ် (၁)ရုံး
(၂) နေပြည်တော်ရုံး (၁)ရုံး
(၃) ပြည်နယ်/တိုင်းဒေသကြီးရုံး (၁၄)ရုံး
(၄) တိုင်းဒေသကြီးရုံးခွဲ (၁)ရုံး
(၅) တွဲဘက်ပြည်နယ်ရုံး (၂)ရုံး
(၆) ပြည်နယ်ရုံးခွဲ (၁)ရုံး
(၇) ခရိုင်ရုံး (၃၅)ရုံး
စုစုပေါင်း (၅၅)ရုံး
ကုန်းလမ်းပို ့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
ရုံးချုပ်၊ ပြည်နယ်၊ တိုင်း၊ ခရိုင်ရုံးများစာရင်း(၂၀၁၂ ခုနှစ်)
စဉ်
|
ရုံးအမည်
|
အရေအတွက်
|
ရုံးစိုက်ရာမြို.
|
၁
|
ရုံးချုပ်
|
၁
|
နေပြည်တော်
|
၂
|
နေပြည်တော်ရုံး
|
၁
|
ပုဗ္ပသီရီမြို.နယ်၊နေပြည်တော်
|
၃
|
ြပည်နယ်/တိုင်းရုံး
|
၁၄
|
|
|
(က)
|
တိုင်းဒေသကြီး(ရန်ကုန်)
|
|
ရန်ကုန်မြို့
|
|
( ခ)
|
တိုင်းဒေသကြီး(မန္တလေး)
|
|
မန္တလေးမြို့
|
|
( ဂ)
|
ရှမ်းပြည်နယ်
|
|
တောင်ကြီးမြို့
|
|
(ဃ)
|
ကချင်ပြည်နယ်
|
|
မြစ်ကြီးနားမြို့
|
|
( င)
|
ကယားပြည်နယ်
|
|
လွိုင်ကော်မြို့
|
|
( စ)
|
ကရင်ပြည်နယ်
|
|
ဘားအံမြို့
|
|
(ဆ)
|
ချင်းပြည်နယ်
|
|
ဟားခါးမြို့
|
|
( ဇ)
|
တိုင်းဒေသကြီး(စစ်ကိုင်း)
|
|
မုံရွာမြို့
|
|
( ဈ)
|
တိုင်းဒေသကြီး(တနင်္သာရီ)
|
|
ထား၀ယ်မြို့
|
|
(ည)
|
တိုင်းဒေသကြီး(ပဲခူး)
|
|
ပဲခူးမြို့
|
|
( ဋ)
|
တိုင်းဒေသကြီး(မကွေး)
|
|
မကွေးမြို့
|
|
( ဌ)
|
မွန်ပြည်နယ်
|
|
မော်လမြိုင်မြို့
|
|
( ဍ)
|
ရခိုင်ပြည်နယ်
|
|
စစ်တွေမြို့
|
|
( ဎ)
|
တိုင်းဒေသကြီး(ဧရာ၀တီ)
|
|
ပုသိမ်မြို့
|
၄
|
တွဲဘက်ပြည်နယ်ရုံး
တွဲဘက်ပြည်နယ်ရုံး(လားရှိုး)
တွဲဘက်ပြည်နယ်ရုံး(ကျိုင်းတုံ)
|
၂
|
လားရှိုးမြို့
ကျိုင်းတုံမြို့
|
၅
|
တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)
|
၁
|
ရန်ကုန်(ရွာသာကြီး)
|
၆
|
ြပည်နယ်ရုံးခွဲ(အောင်ပန်း)
|
၁
|
အောင်ပန်းမြို့
|
၇
|
ခရိုင်ရုံး
|
၃၅
|
|
စုစုပေါင်း
|
၅၅
|
|
ရည်ရွယ်ချက်နှင့်တာဝန်များ
ရည်မှန်းချက်
ဤဦးစီးဌာန၏အဓိက ရည်မှန်းချက်တာဝန်မှာ ယာဉ်အန္တရာယ် ၊လမ်းအန္တရာယ် ကင်းရှင်းရေး (Road Safety) ဖြစ်သည်။
လုပ်ငန်းတာဝန်များ
ဤဦးစီးဌာန၏ လုပ်ငန်းတာဝန် (၄) ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်များကို စစ်ဆေး၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးရန်။
(ခ) မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးရန်။
(ဂ) လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထုတ်ပြန်ရန်။
(ဃ) နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ယာဉ်နှင့်ပတ်သက်သော အခွန်ငွေများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကောက်ခံရန်။