မြန်မာနိုင်ငံအတွင်းသို့ မော်တော်ယာဉ်များ ရောက်ရှိလာသည်နှင့်အညီ မော်တော်ယာဉ်နှင့် ယာဉ်သွားလာမှုဆိုင်ရာများအား ကြီးကြပ်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင် လုပ်ငန်းကိုဆောင်ရွက်ရန် လိုအပ်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၆၃ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် "ကုန်းလမ်းနှင့်ပြည်တွင်း ရေကြောင်းသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့"ကို ဖွဲ့စည်းခဲ့့သည်။
၁၉၇၂ခုနှစ်၊ မတ်လတွင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဌာနကို "ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန" ဟုပြောင်းလဲ ခေါ်ဝေါ် သတ်မှတ်ခဲ့သည်။ကုန်းလမ်းနှင့်ပြည်တွင်း ရေကြောင်းအာဏာပိုင် အဖွဲ့သည်လည်း "ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန" အမည်သို. ပြောင်းလဲလာခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်လာခဲ့ပါသည်။ ၁၉၉၂ခုနှစ်၊ဇန်န၀ါရီလ တွင် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာန ၊ရထားပို့ဆောင် ရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၃)ခုခွဲ၍ ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သည် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအောက်တွင် ပါ၀င်လာခဲ့သည်။